မုံရွာမြို့ ရွှေစည်းခုံစေတီတော်ကြီးနှင့် တန်ခိုးကြီးဘုရားများတွင် ကုသိုလ်ပြုကြသူများ စည်ကား

မုံရွာ ဧပြီ ၁၇

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပပြီးစီးပြီးနောက် နှစ်သစ်ကူး သည့် မြန်မာနှစ်ဆန်း ၁ ရက်‌နေ့ ဧပြီ ၁၇ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်ကြီးနှင့် တန်ခိုးကြီး ဘုရားများတွင် ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။
မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဥပုသ်သီလ ဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တရားဘာဝနာပွားများခြင်း ကုသိုလ်ကောင်းမှုပြုခြင်း သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းတို့ဖြင့် အေးချမ်းစွာ ကုသိုလ်ကောင်းမှုများပြုလုပ်လျက်ရှိကြသည်။
ခရိုင်(ပြန်/ဆက်)