ရွှေဘို ဧပြီ ၁၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ်(၄၀/၂၀၂၆)၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား ၂၀ ၊ အကျဉ်းသူ ၆ ဦး၊ ပေါင်း ၂၆ ဦးတို့အား ယနေ့ နံနက် ၁၀ နာရီက လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်းသိရသည်။
ရွှေဘိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/အကျဉ်းသားသူများအနက် (၂၆)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
၎င်းတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁) တို့က ဆုံးမဩဝါဒစကား ပြောကြားပြီး ထောင်လွတ်လက်မှတ်နှင့်အတူ ခရီးစရိတ်ငွေများထုတ်ပေးပြီး နေရပ်သို့ ပြန်ခွင့်ပြုပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)