ယာယီနေရပ်စွန့်ခွာပြည်သူများ ကသာမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်

ကသာ ဧပြီ ၁၇

ကသာမြို့အတွင်းမှ အခြားအရပ်ဒေသများသို့ ယာယီနေရပ်စွန့်ခွာသွားကြသော ပြည်သူများအနေဖြင့် ဧပြီလ (၆) ရက်နေ့မှစ၍ တဖြည်းဖြည်း ပြန်လည်ဝင်ရောက်လျက်ရှိရာ လုံခြုံရေးတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်လျက်ရှိသောကြောင့် အတာသင်္ကြန်ရက်များအတွင်း ကသာမြို့ ကမ်းနားလမ်းတွင် ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ မြို့အတွင်း စတုဒီတာကျွေးမွေးသူများလည်း အစဉ်အလာမပျက်လှူဒါန်းလျက်ရှိခဲ့ပါသည်။ ထို့အတူ စား‌သောက်ကုန်များဖြစ်ကြသော ငါး၊ ငါးပိ၊ ငါးခြောက်မျိုးစုံ၊ ကြက်ဥ၊ အာလူး၊ ပဲအမျိုးမျိုး၊ ခေါက်ဆွဲခြောက်မျိုးစုံ၊ စားဆီ၊ စက်ဆီနှင့် အဖျော်ရည်မျိုးစုံများ ဝင်ရောက်လာသောကြောင့် စားသောက်ကုန် ကုန်ဈေးနှုန်းများကျဆင်းလာသည့်အတွက် ဒေသခံပြည်သူများ စိတ်အေးချမ်းလျက်ရှိကြသည်။

ကသာမြို့အတွင်းသို့ ဧပြီလ (၆) ရက်နေ့မှ (၁၆) ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာသူ (၆၃၀) ဦး ခန့်ရှိပြီဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

‌ကျော်စွာ(ကသာ)