ရေတာရှည် ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် သင်္ကြန်အတက်နေ့တွင် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်၊ သနပ်ခါးမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်တို့၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့် စည်ကားများပြားလျက်ရှိသည်။
ရေကစားလာရောက်သူများအား စတုဒိသာမဏ္ဍပ်၌ သင်္ကြန်ဓလေ့ရိုးရာအစားအစာများဖြင့် နေ့စဉ်စတုဒိသာများကျွေးမွေးဧည့်ခံခြင်း၊ ဗဟိုမဏ္ဍပ်၌ တေးသံရှင်များ၏ တေးသီချင်းသီဆိုဖျော်ဖြေမှုများနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများအပါအဝင် လမ်းလျှောက်သင်္ကြန် သနပ်ခါးမဏ္ဍပ်မှ သနပ်ခါးများလိမ်းကျံပေးခြင်း အစီအစဉ်များဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိကာ ရေကစားသူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက အဘက်ဘက်မှ လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)