အုတ်ဖိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေပေးအပ်

အုတ်ဖို  သြဂုတ်  

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော  အခြေခံ လူတန်စား အိမ်ထောင်စုများ အတွက် ထောက်ပံ့ငွေများကို သြဂုတ်လ ၅ရက်နေ့ မှစတင်၍ ပေးအပ်လျက်ရှိကြောင်းသိရသည်။

နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ နှင့် ပဲ စသည့် အခြေခံစားသောက်ကုန်()မျိုးကို အုတ်ဖိုမြို့နယ်တွင် ရပ်ကွက် ကျေးရွာအုပ်စု(၆၃)အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၂၀၆၀)စုကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး ဒုတိယ အကြိမ်တွင် နောက်တိုး အခြေခံအိမ်ထောင်စု(၇၇၇၈)စုအတွက် အိမ်ထောင်စု တစ်စု လျှင် ငွေကျပ် (၁၅၀၀၀/-) နှုန်းဖြင့်ထောက်ပံပေးနိုင်ခဲ့သည်။

ယခုအခါ  ရပ်ကွက်ကျေးရွာအုပ်စု (၆၃) အုပ်စုမှ အခြေခံအိမ်ထောင်စု(၁၉၈၃၈)စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)ကျပ် နှုန်းဖြင့်  မြိုနယ်အုပ်ချုပ်ရေးမှူးဦးကျော်ဇင်ဦးနှင့် ဌာနဆိုင်ရာများမှ ကြီးကြပ်ကာ ပြည်သူများလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်လျှက်ရှိ ကြောင်းသိရသည်။

အောင်သူ(အုတ်ဖို)