စစ်ကိုင်း ဧပြီ ၁၆
စစ်ကိုင်းမြို့တွင် မဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်နှင့် သနပ်ခါးသင်္ကြန်ပွဲတော်များကို ယနေ့နံနက် ၈ နာရီက စတင်၍ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပလျက်ရှိသည်။
ဗဟိုမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ အနုပညာရှင်နှင့် ဝါသနာရှင်အဆိုတော်များ၏ တေးဂီတအစီအစဉ်များဖြင့် ကပြ၊ သီဆိုဖျော်ဖြေလျက်ရှိပြီး လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်နှင့် သနပ်ခါးသင်္ကြန်မဏ္ဍပ်များတွင်လည်း ရပ်ဝေး၊ ရပ်နီး ဒေသခံပြည်သူများမှ ရေကစားလျက်ရှိကြောင်း သိရသည်။
ပွဲတော်လာရောက်ဆင်နွှဲသူများအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်များက အကြိုနေ့မှစတင်၍ စတုဒိဿာများဖြင့် ဧည့်ခံကျွေးမွေးရာ တစ်ပျော်တစ်ပါး လာရောက်သုံးဆောင်ကြကြောင်းနှင့် ဘုရား၊ ကျောင်းကန်၊ ဇရပ်များတွင်လည်း ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ပြည်သူများအေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)