မုံရွာ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန် ကျင်းပပြုလုပ်သည့်နေရာသို့ သွားရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန်ပြုလုပ်လျက်ရှိသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/ စွမ်းအင်/ လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍက်များရှိ ယိမ်းလှပျိုဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ မုံရွာမြို့၊ MSME လုပ်ငန်း ဒေသထွက်ကုန် တစ်ခုဖြစ်သည့် “ပွဲတော်အုပ်” လက်ဖက်နှင့် နှစ်ပြန်ကျော် စားသောက် ဖွယ်ရာများ ခင်းကျင်းပြသထားရှိမှုများအား ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့် အတူတကွ သုံးဆောင်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန်သာယာကန်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင်ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ဌာနဆိုင်ရာမဏ္ဍပ်များအလိုက် စတုဒီသာကျွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)