ခန္တီး ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြှိက်စွာကျင်းပလျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်ကစတင်ပြီး ဗဟိုမဏ္ဍပ်၌ဆက်လက်ကျင်းပလျက်ရှိသည်။
အဆိုပါ ဗဟိုမဏ္ဍပ်တွင် ယိင်းအကအလှများ အဆိုဝါသနာရှင်များက သီဆိုဖျော်ဖြေကပြလျက်ရှိရာ ဒေသခံပြည်သူလူထုများစွာ ရေသဘင်ပွဲသို့ လာရောက်ကြည့်ရှု အားပေးရင်းဖြင့် ပျော်ရွှင်မြူးထူးစွာ ရေကစားကြသည်။
ယင်းရေသဘင်ပွဲသို့ စစ်ဗျူဟာအခြေချ (ခန္တီး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်နှင့်ဇနီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်နှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထိုက်နှင့်ဇနီး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ မိသားစုဝင်များ၊ မြို့မိမြို့ဖများတက်ရောက်အားပေးခဲ့ကြသည်။
မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အား အကြိုနေ့မှအတက်နေ့အထိ ပျော်ရွှင်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ စေတနာရှင်ပြည်သူများကလည်း ရေသဘင်ပွဲတော်တွင် စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိရာ ရေသဘင်ပွဲတော်သို့ လာရောက်ရေကစားကြသူများအားလုံး တစ်ပျော်တစ်ပါးသုံးဆောင်ကြရင်း ရေကစားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)