ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာတွင် ကြက်မွေးမြူရေး (CERP)သင်တန်းဖွင့်လှစ်

ဖျာပုံ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကြက်မွေးမြူရေး (CERP)သင်တန်းကို ယမန်နံနက် ၁၀ နာရီတွင် ဖွင့်လှစ်ခဲ့ပါသည်။

ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာစနေမျိုးအောင်က ကြက်များကို မိသားစု တစ်ပိုင်တစ်နိုင် မွေးမြူသည်ဖြစ်စေ၊ စီးပွားဖြစ်မွေးမြူသည် ဖြစ်စေ စနစ်တကျ မွေးမြူတတ်စေရန် ရည်ရွယ်၍ သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူးဒေါက်တာ မြတ်သီတာက ကြက်မွေးမြူရေးထုတ်လုပ်မှုများ သင်ကြားပို့ချသည်။

သင်တန်းကာလမှာသြဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့ထိ နံနက် ၁၀ နာရီမှ နေ့လယ် ၃ နာရီထိသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

လှလှနွယ်(ခရိုင်ပြန်/ဆက်)