ချောင်းသာကမ်းခြေ၌ မဟာသင်္ကြန်အကျနေ့တွင် ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကား

ချောင်းသာ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၁၃၈၇) ခုနှစ်မြောက် မဟာသင်္ကြန်အကျနေ့တွင် ချောင်းသာကမ်းခြေနှင့် ရပ်ကွက်ကျေးရွာအတွင်း ခရီးသွားဧည့်သည်များနှင့် ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။

မဟာသင်္ကြန်ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန်နှင့် ယာဥ်အန္တရယ်မဖြစ်ပွားစေရေးနှင့် ခိုက်ရန်မဖြစ်ပွားစေရေးတို့အတွက် ချောင်းသာမြို့ မြို့ဦးစီးမှူး ဦးဟန်ဖြိူးဆောင် ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ဂရုစိုက်ကြည့်ရှု ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့အပြင် ချောင်းသာကမ်းခြေသည် ပုံမှန်စနေ၊ တနင်္ဂနွေနေ့များတွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လျက်ရှိသော်လည်း မဟာသင်္ကြန်ကာလအတွင်း ပိုမိုဝင်ရောက်လျက်ရှိသောကြောင့် ဒေသခံတစ်ဦးက “ဒီနှစ်သင်္ကြန်မှာ လူတွေများပြီး စည်ကားတယ်၊ ကျွန်တော်တို့ ကမ်းခြေဒေသကို မှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေအဖို့ အဆင်ပြေပါတယ်လို့” ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ချောင်းသာမြို့အဆင့်ဋ္ဌာန ဆိုင်ရာများစုပေါင်းပြီး စုပေါင်းစတုဒီသာမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

မျိုးဝင်း (ပြန်/ဆက်)