ရွှေဘို ဧပြီ ၁၄
နှစ်ဟောင်းမှအညစ်အကြေးများကို ဆေးကြောဖယ်ရှားကာ နှစ်သစ်ကိုကြိုဆိုသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပလျက်ရှိရာ ရွှေဘိုမြို့ လမ်းလျှောက်သင်္ကြန်(အကျနေ့)၌ ရွှေဘိုမြို့သူမြို့သားများအပြင် ရပ်ဝေးရပ်နီးမှ ပြည်သူများပါ ပျော်ရွှင်စွာ လာရောက်ရေကစားသူများဖြင့် စည်ကားလျက်ရှိသည်။
ရွှေဘိုမြို့လမ်းလျှောက်သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအဖွဲ့ လှပျိုဖြူများက ယိမ်းအကပြိုင်ပွဲများဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ တေးသံရှင်အဆိုတော်များကလည်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။ ထို့အတူ မြို့ပေါ်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းများ၌လည်း ဥပုသ်သီလဆောက်တည်သူများ၊ တရားဘာဝနာပွားများအားထုတ်သူများ၊ စတုဒီသာကျွေးမွေးဧည့်ခံသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)