မြန်အောင်၌ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် (အကျနေ့) အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

မြန်အောင် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ယနေ့နံနက်ပိုင်းက မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ (အကျနေ့) နံနက်ပိုင်းတွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်အား ရိုးရာအစဥ်လာမပျက် ကျင်းပလျက်ရှိရာ ရေပက်ခံထွက်သူများ၊ ရေပက်သူများဖြင့် စည်ကားလျက်ရှိပြီး မြန်အောင်ခရိုင် မြန်အောင်မြို့သင်္ကြန် ဗဟိုမဏ္ဍပ်နှင့်လမ်းလျောက်သင်္ကြန်တို့တွင် ယိမ်းအကအလှများ၊ တေးဂီတဖျော်ဖြေတင်ဆက်မှုများ၊ စတုဒိသာကျွေးမွေးမှုများ၊ သနပ်ခါးသင်္ကြန်မဏ္ဍပ်တွင် မြန်မာ့ရိုးရာ သနပ်ခါးလိမ်းချယ်ကြသုများဖြင့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်မြန်အောင်(ပြန်/ဆက်)