နောင်ချို ဧပြီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ယမန်နေ့မှစတင်၍ နောင်ချိုမြို့ စွယ်တော်ကားဝင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ယခုနှစ် အတာသင်္ကြန်ပွဲတော်အား တစ်မူထူးခြားစွာဖြင့် သနပ်ခါးသင်္ကြန်နှင့် ကော်ဖီသင်္ကြန်တို့အား ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိခဲ့ရသည်။ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်တွင် သနပ်ခါးသင်္ကြန်နှင့် ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပခြင်း၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများအပြင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စတုဒီသာများကျွေးမွေးဧည့်ခံခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)