ဖျာပုံမြို့၌ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်အကျနေ့ ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေး အစီအစဥ်များဖြင့် ပျော်ရွှင်အေးချမ်းစွာ ရေပက်ကစားလျက်ရှိ

ဖျာပုံ ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် အကျနေ့ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဥ်များဖြင့် ပြည်သူများ ပျော်ရွှင်အေးချမ်းစွာ ပါဝင်ရေပက်ကစားကြသည်။

အဆိုပါ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဖျာပုံခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၊ တေးသံရှင်များက ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်သီဆိုဖျော်ဖြေခြင်းဖြင့် အေးချမ်းပျော်ရွှင်စွာ သီဆိုဧည့်ခံ ဖျော်ဖြေလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များက စတုဒိသာများအား နေ့ရက်အလိုက် ကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ် များတွင်လည်း ပြည်သူများ ပျော်ရွှင်အေးချမ်းစွာဖြင့် ပါဝင်ရေပက် ကစားလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)