မိုးညိုမြို့နယ် ပြည့်သူ့ဆေးရုံ၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြော

မိုးညို ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့‌‌ဆေးရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းကို ဧပြီ ၁၂ ရက်၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အပူဒဏ်အန္တရာယ်အသိပညာပေးဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက ဆေးရုံတက်ရောက်နေသည့် အတွင်းလူနာနှင့်လူနာစောင့်များ၊ ဆေးရုံသို့လာရောက်ပြသသည့် ပြင်ပလူနာများအား အပူဒဏ်အန္တရာယ်ကာကွယ်‌ရေး လိုက်နာ‌ဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန် အချက်များနှင့် အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများကို အသေးစိတ်ရှင်းလင်းပြောကြားပြီး ပြည်သူ့ကျန်းမာ‌ရေးဝန်ထမ်းများက အပူဒဏ်အန္တရာယ် အသိပညာ‌ပေးလက်ကမ်းစာ‌စောင်များကို ဖြန့်‌ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)