မြန်အောင် ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရေး၊ ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၇ ရက်နေ့နံနက်က မြန်အောင်ခရိုင် စုပေါင်းရုံးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာမြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က မြန်အောင်မြို့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ပွဲတော်ကျင်းပပြုလုပ်ရန်၊ အေးချမ်း ပျော်ရွင်စွာ ကျင်းပပြုလုပ်နိုင်ရေး၊ စတုဒီသာလှူဒါန်းကျွေးမွေးနိုင်ရေးတို့ ဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက် သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပရေး ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများက ကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ။
ထို့နောက် မြန်အောင်ခရိုင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပရန် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၏ ဆွေးနွေးချက်များကို မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က လိုအပ်သည်များဖြည့်စွက်ပြောကြား၍ အစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့သည်။
ဝင်းဗိုလ်
(ပြန်/ဆက်)မြန်အောင်