ရန်ကုန် ဧပြီ ၆
The 2nd ASEAN Rice Trade Summit 2026 အခမ်းအနားကို ဧပြီ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ Azalea Stars အဖွဲ့က မြန်မာ့ယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANTRADE) ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းတို့က ဂုဏ်ပြုအမှာစကားအသီးသီးပြောကြားသည်။
ယင်းနောက် Combodia Rice Federation အထွေထွေအတွင်းရေးမှူးချုပ်၊ Lao National Chamber of Commerce and Industry (Lao NCCI) တွဲဖက်အထွေထွေအတွင်းရေးမှူးချုပ်၊ Thai Rice Exporters Association (TREA) ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ Vietnam Food Association (VFA) ဥက္ကဋ္ဌ တို့က အသီးသီးဆွေးနွေးပြောကြားကြသည်။
၎င်းနောက် ဒေသတွင်း ဆန်စပါးဈေးကွက်အခြေအနေများ၊ လတ်တလောဖြစ်ပေါ်ပြောင်းလဲနေမှုများနှင့် ပတ်သက်၍ SS Rice News တို့မှ တာဝန်ရှိသူများက အသီးသီးဆွေးနွေးပြောကြားကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်များကို အသီးသီးပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဖျော်ဖြေရေး အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ပြသထားသည်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)