မြစ်သားမြို့နယ်၌ ရေဆေးပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြစ်သား ဧပြီ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ၏ ‌နွေရာသီကျောင်း ပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ တီထွင်ဖန်တီးမှုစွမ်းရည်များမြင့်မားတိုးတက်လာစေ ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့်ရေဆေး ပန်းချီ (အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြီ ၉ ရက် နံနက် ၁၀ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုရည်ထွေးက အမှာစကား‌ပြောကြားရာတွင် ပန်းချီပညာနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး တန်ဖိုးထားတတ်စေရန် သင်တန်းကာလသင်ကြားမှုအပေါ် စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍    ရေဆေးပန်းချီ‌ရေးဆွဲနည်း သင်တန်းနည်းပြဆရာ ဦးဇော်ဇော်ဝင်းက ပြိုင်ပွဲဝင်‌ ရေဆေးပန်းချီကားများ၏ ဆေးရောင်ခြယ်ခြင်းခြင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရေဆေး ပန်းချီး ပထမ၊ ဒုတိယ၊ တတိယနှင့် ပန်းချီဆရာစိတ် ကြိုက်ဆု ၅ ဆုတို့ကို ဆုရရှိသော ပြိုင်ပွဲဝင် ကျောင်းသား‌၊ ကျောင်းသူများအား တာဝန်ရှိုသူများက  ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။ ဆုချီးမြှင့်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော  လျှပ်စစ်အန္တရယ်အကြောင်းအသိပညာပေးနံရံကပ်စာစောင်နှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)