ပျော်ဘွယ်မြို့နယ်၌ လူငယ်များစဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ် ဧပြီ ၉

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်မှုမြင့်မားလာစေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ဧပြီလ ၉ ရက် နံနက် ၁၀ နာရီခွဲက မြင်းဘက်ရပ်ကွက်ရှိ ဝေဇယန္တာ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်သည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူးဒေါ်မေစောမွန်က လူငယ်များ အသိဉာဏ်ပညာဗဟုသုတတိုးပွားလာစေရန်၊ စာပေဖတ်ရှုပြီး ရရှိလာသည့်အသိဉာဏ်ပညာများကို အခြားသူများအား ပြန်လည်ရှင်းပြတတ်သည့် အလေ့အကျင့် ကောင်းများရှိစေရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် လူငယ်များက ဒို့ကျေးရွာဂျာနယ် အတွဲ-၂၂၊ အမှတ်-၁၂ တွင်ပါရှိသည့် သတိပြုကာကွယ် မှိုဆိပ်အန္တရာယ်အကြောင်းဖတ်ရှုကာ အခြားသူများနားလည်မှုလွယ်ကူစေရန် ပြန်လည် ရှင်းပြစေခြင်းဖြင့် ကျင်းပပေးခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို တက်ရောက်လာသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)