ရေး ဩဂုတ် ၅
ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ (၂၅) ရက်နေ့မှ ဩဂုတ်လ(၇)ရက်နေ့အထိ ရက်သတ္တနှစ်ပတ်ကြာ မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာပေးခဲ့ပြီး ဖြစ်သည်။
ဩဂုတ်လ(၃)ရက်နေ့အထိ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ စုစုပေါင်း (၁၁၅၁၄)ဦးရှိပြီး မိမိအမည် ပါဝင်ခြင်းမရှိပါက တောင်းဆိုလွှာပုံစံ(၃)ဖြင့် လာရောက်လျှောက်ထားသူ (၁၂၁၇)ဦး၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့် လျှောက်ထားသူ (၁၂၂)ဦးနှင့် ပြင်ဆင်ရန် ရှိပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်သူ(၃၄၉)ဦးတို့အား ပြန်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဝါဝါချိုထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)