ဖယ်ခုံ ဧပြီ ၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဖယ်ခုံမြို့၊ မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းဟန်က ဈေးသူ၊ဈေးသားများအား မီးဘေးကြိုတင်ကာကွယ်နှင့် မီးဘေးလုံခြုံစိတ်ချမှုရှိစေရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပညာပေးဟောပြောပြီးနောက် မီးသတ်တပ်ဖွဲ့များနှင့် အတူရေစိုအဝတ်ဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ပညာပေးခြင်း၊ မီးငြှိမ်းသတ်ယာဉ်ကြီးများဖြင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြဆောင်ရွက်နေမှုကို ဖယ်ခုံမြို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချိုလွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြတ်သူ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဈေးကော်မတီဝင်များ၊ ဈေးတာဝန်ခံများ၊ ဈေးရောင်ဈေးဝယ်ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ် (ပြန်/ဆက်)