ကြို့ပင်ကောက် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသားကျောင်းသူများအား လေ့ကျင့်သင်ကြားပေးနေသာ နွေရာသီ အေရိုးဗစ် သင်တန်းဆင်းပွဲ အခမ်းအနားအား အ.ထ.က(ပန်းတင်) ကျောင်းတွင် ဧပြီလ ၈ ရက်နေ့ ကကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကျောင်းသားကျောင်းသူများ၏ အေရိုးဗစ်သရုပ်ပြမှုကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေဇင်ယုတို့က ကြည့်ရှုအားပေးပြီး အားဖြည့်အချိုရည်များ တိုက်ကျွေးသည်။
ကြို့ပင်ကောက်မြို့တွင် နွေရာသီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား ကျောင်းသူများအား ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ အမျိုးသမီးဘောလုံးနှင့် လက်ဝှေ့အားကစားတို့အား လေ့ကျင့်သင်ကြးပေးနေကြာင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်က ပြောသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)