ချောင်းဆုံမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် IUD ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဧပြီ ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် IUD ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီ(၁)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုးချဲ့ရပ်ကွက်ရှိ တိုးချဲ့(အမက)ကျောင်း၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးကောင်းပြည့်ကျော်နှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုနှင့် လူဦးရေစာရင်းဆောင်ရွက်ပေးခြင်းနှင့် IUD ကတ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်းကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း စီမံချက်ကာလဖြင့် ဧပြီလ (၉)ရက်နေ့အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)