ပေါက်ခေါင်းမြို့နယ်၊ အ.ထ.က(ပေါက်ခေါင်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ​ကွင်းဆင်းဆောင်ရွက်

ပေါက်ခေါင်း ဧပြီ ၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို အ.ထ.က (ပေါက်ခေါင်း)ကျောင်း၌ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ ကျောင်းသားလူငယ်လေးများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်အကြောင်းအရာများနှင့် လူငယ်ရေးရာအသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး စာကြည့်တိုက်လက်ထောက် (၃) ဒေါ်သင်းသင်းထွေးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)