တွံတေးမြို့နယ် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Code ဖြင့် စုံ/ မ ယာဥ်များကို နေ့အလိုက် စက်သုံးဆီရောင်းချနေမှု လိုက်လံစစ်ဆေး

တွံတေး ဧပြီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စက်သုံးဆီခြုံးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေး Bar Code/QR Codeဖြင့် စုံ/ မ ယာဉ်များကို နေ့အလိုက် စက်သုံးဆီရောင်းချနေမှု  လိုက်လံစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက လှိုင်သာယာတွံတေး ကားလမ်းမဘေးရှိစိန်သဇင်၊ မမျိုးစုရှိ BOC နှင့် ဘုရားငုတ္တိုလမ်းဆုံရှိ MAX စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် စက်သုံးဆီရောင်းချနေမှု အခြေအနေများ ဆီလှောင်ကန်များတွင် စက်သုံဆီ ကျန်ရှိမှုအခြေအနေနှင့် စက်သုံးဆီရောက်ရှိ/ဖြန့်ဖြူမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျ

ဆောင်ရွက်စေရေး၊ သတ်မှတ်ရည်ညွန်းဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန်အတွက် ဝယ်ယူခြင်းများရှိပါက ရောင်းချမှုမရှိစေရေး စသည်များ မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်