ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ခရမ်း မတ်လ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာဇေရတု(ဘာသာပြန်)ရေးသားသည့် ''သင့်အတွက်တစ်သက်တာဘဝလမ်းညွှန်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းနွေးပြီး Book Club အဖွဲ့ဝင်ဒေါ်လှမြတ်ထက်ကစာရေးဆရာ မောင်ဝင့်သူ(ဘာသာပြန်)ရေးသားသည့် "သင့်အတွက်တစ်သက်တာဘဝလမ်းညွှန်" စာအုပ်တွင် လူတိုင်းသည် ထိရောက်သေချာစွာ ပြောဆိုဆက်ဆံနိုင်မှသာလျှင် ဘဝတွင်အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း၊ လူအများနှင့်ပေါင်းသင်းဆက်ဆံပြောဆိုရာတွင်လည်း မိမိပြောလိုသည့်အကြောင်းအရာကို သဘောပေါက်နားလည်စေရန် ပြောဆိုသင့်ပါကြောင်းနှင့် ယဥ်ကျေးပျူငှာစွာပြောဆိုဆက်ဆံသင့်ပါကြောင်းတို့ကို ရေးထားသောစာအုပ်ဖြစ်ပါကြောင်း စာအုပ်ပါအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ Youth Club အဖွဲ့ဝင် မစုမွန်သန်းက လူတိုင်းအတွက် အချိန်သည် တန်ဖိုးရှိလှကြောင်း၊ လူငယ်များအ​​နေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချသင့်ပါ​ကြောင်းနှင့် အရာရာကိုတတ်ကျွမ်းနားလည်​သည်အထိ သင်ယူသင့်ပါ​ကြောင်းတို့ကို ရေးသားထားသော စာအုပ်ဖြစ်ပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်နှင်းဝေ(ခရမ်း-ပြန်/ဆက်)