ဖြူး ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ် ကြံရာသီတွင် ကြံစိုက်ခင်းများ အထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး ကြံမျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးအတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (ညောင်ပင်သာ)၌ မိုးစိုက်မျိုးကြံ သက်နုမျိုးစိုက်ခင်း တောင်သူကွင်းသရုပ်ပြခြင်းကို ဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ တောင်သူကွင်းသရုပ်ပြဆောင်ရွက်ရာတွင် ဖြူးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ကြံသီးနှံခြံတာဝန်ခံများ၊ ဆင်ဖြူတော်သကြားစက်မှ တာဝန်ရှိသူများ၊ ဖြူးမြို့နယ်အတွင်း ကြံစိုက်တောင်သူများက မိုးစိုက်မျိုးကြံ သက်နုမျိုးစိုက်ခင်းဆောင်ရွက်ထားရှိမှု၊ ကြံသီးနှံအစက်ချရေပေးသွင်းနည်းစနစ်ဖြင့် ရေသွင်းနိုင်မှုများ၊ မြေသြဇာထည့်သွင်းဆောင်ရွက်မှုများကို ရှင်းလင်းခြင်း၊ လေ့လာအကြံပြုခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)