နတ်တလင်း ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝလာစေရန်၊ ကျောင်းပိတ်ရက် အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်နှင့် နောင်တစ်ခေတ်တွင် ထူးချွန်ထက်မြက်သည့် လူချွန်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီဘင်ခရာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(မြို့မ)ကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဧပြီလ (၃)ရက်နေ့မှစတင်၍ ဧပြီလ (၂၇)ရက်နေ့ထိ (၃)ပတ်အကြာ သင်ကြားပို့ချမည်ဖြစ်ပြီး ဘင်ခရာ သင်တန်းသား၊ သင်တန်းသူ (၄၅)ဦးအား သင်တန်းနည်းပြ (၃)ဦးတို့က စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)