ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား QR Code စနစ်ဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဘီးလင်း ဧပြီ ၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချလျှက်ရှိသော ဆီဆိုင်များအား QR Code စနစ်ဖြင့် ရောင်းချနေခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် QR Code စနစ်ဖြင့် စက်သုံးဆီများ ရောင်းချခြင်း၊ တရားဝင်လိုင်စင်ရှိသော ယာဥ်များအား ဝှီးတက်ပြသည့် စနစ်ဖြင့်ရောင်းချခြင်း၊ စုံ မ ရက်အလိုက် ဆီရောင်းချပေးခြင်း၊ နေ့စဥ် သတ်မှတ်အချိန်အတိုင်း ဆီရောင်းချပေးခြင်းနှင့် ပုံး၊ ပီပါများဖြင့် ရောင်းချနေမှုများ ရှိ၊မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး စက်သုံးဆီများ စည်ကမ်းချက်များနှင့်အညီ အဆင်ပြေချောမွှေစွာ ရောင်းချနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)