ကျိုက်ထို ဧပြီ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြေပဲထုတ်ကုန်များ တန်ဖိုးမြှင့်ဆီထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်သူစုရပ်ကွက်နှင့် ဖက္ကလိပ်ကျေးရွာအုပ်စုရှိ အောင်သုခဆီစက်နှင့် ဦးခင်အောင်ဆီစက်များ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချော ထုတ်လုပ်နိုင်မှု အခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေ၊ ဆီထုတ်လုပ်ရာတွင် သန့်ရှင်းမှု၊ ကျန်းမာရေးနှင့်အညီ ထုတ်လုပ်နိုင်စေရန်၊ မီးဘေးလုံခြုံးရေးအတွက် သတိပြုစေရန်၊ စက်သုံးဆီ လိုအပ်မှုနှင့်လုပ်ငန်းရှင်လိုအပ်ချက်များကို မေးမြန်ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ များပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)