မုဒုံမြို့၌ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့

မုဒုံ ဧပြီ ၄

မွန်ပြည်နယ်မုဒုံမြို့နယ်၊ မြို့မ()ရပ်ကွက်၊ တပင်ရွှေထီးလမ်း စာစင်အလယ်ပိုင်းတွင် မတ် ၃၀ ရက်နေ့က နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရာ ယမန်နေ့မွန်းလွဲ ()နာရီက မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမင်းအောင်မြင့်၊ မုဒုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် တာဝန်ရှိသူများက မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်မြေနေရာအား လှည့်လည်ကြည့်၍ မိသားစုဝင်များကို မီးဘေးသင့်ထောက်ပံ့ငွေ ကျပ် ()သိန်းအား လက်ဝယ်အရောက် ပေးအပ်ရာ ရင်းရင်းနှီးနှီးအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)