တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

ပဲခူး ဧပြီ ၂

တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပသည်။

အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးက တိုင်းဒေသကြီး လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ၇၆ ဦး၊ တက်ရောက်ခဲ့ပြီး ရာနှုန်းပြည့်တက်ရောက်လာသည့်အတွက် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်းကြေညာပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော် နာယကထံမှပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်းကို ဖတ်ကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ဌေးက ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥပဒေရေးရာကိစ္စရပ်များ လေ့လာရေးနှင့်ဥပဒေကြမ်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥပဒေရေးရာကိစ္စရပ်များ လေ့လာရေးနှင့် ဥပဒေကြမ်းကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဦးဉာဏ်ဝင်း၊ ဇီးကုန်းမြို့နယ် ကိုယ်စားလှယ်အမှတ် () နှင့် အတွင်းရေးမှူးအဖြစ် ဦးသန်းစိုး၊ တောင်ငူမြို့နယ် ကိုယ်စားလှယ်အမှတ်(၁)ပါ (၉)ဦးတို့၏အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌက ပဲခူးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့်စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေး၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ် ဦးတင်မျိုးဝင်း၊ သနပ်ပင်မြို့နယ် ကိုယ်စားလှယ်အမှတ် () နှင့် အတွင်းရေးမှူးအဖြစ် ဦးအောင်စိုးထက်၊ ကြို့ပင်ကောက်မြို့နယ်ကိုယ်စားလှယ် အမှတ် () တို့ပါ (၉) ဦးတို့၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ရပ်နားကြောင်းနှင့် တတိယအကြိမ် ပဲခူးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ဧပြီ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)