မြောင်းမြ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မွေတော်ရှမ်းစုကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ယမန်နေ့နံနက် (၉း၀၀) နာရီအချိန်က စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့သည်။
အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြောင်းမြခရိုင် စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မွေတော်ရှမ်းစုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများက တောင်သူ ဦးတင်ဖေပိုင်ဆိုင်သော ကွင်းအမှတ်၊ (၂၁၇) ကွင်း၊ ဧက (၃၀) တွင် စိုက်ပျိုးထားသည့် နယူးဧရာ - ၁၁ အထွက်တိုးမျိုးစပါးစံကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအခြေအနေအား ကြည့်ရှုအားပေးခဲ့ပြီး ၎င်းစံကွက်သည် တစ်ဧကလျှင် (၁၉၄.၃၃) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)