အင်းစိန် ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင် အင်းစိန်မြို့နယ်တွင်အား ကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၃၁ ရက်နေ့နံနက် ၉ နာရီက ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်း၊ အင်းစိန်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့်အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို (၂၆-၃-၂၀၂၆)ရက်နေ့မှ (၃၀-၃၂၀၂၆ )ရက်နေ့အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့သင်တန်းသား၊ သင်တန်းသူ(၂၁၇)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)