သာစည် ဧပြီ ၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲ ပြုလုပ်ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက သင်တန်းနည်းပြဆရာ/မများကို ကျေးဇူးတင်စကားပြောကြားပြီး သင်တန်းထူးချွန်ဆုချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်းနှင့် ဌာနဆိုင်ရာများက သင်တန်းနည်းပြများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်များနှင့် ဆုများချီးမြှင့်သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက သင်တန်းပြီးမြောက်သည်အထိ တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုငွေတစ်ဦးလျှင် တစ်သောင်းကျပ်ဖြင့် ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို မတ်လဆန်းမှစတင်၍ တစ်လခန့်အကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်