ငပုတောမြို့ မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံစစ်ဆေး

ငပုတော မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေး ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်နှင့် တပ်ဖွဲဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဒေါ်နီလာဦးနှင့် ဝန်ထမ်းများက မီးဘေးအန္တရာယ်ကင်းဝေစေရေး လိုက်လံစစ်ဆေးစစ်ဆေးခဲ့သည်။

ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းရှိ ဈေးတာဝန်ခံရုံးအတွင်းတွင် သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဗူးများ စနစ်တကျတပ်ဆင်ထားခြင်း ရှိ/မရှိနှင့် မြို့မဈေး‌အတွင်းရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများအတွင်း မီး‌သတ်ဆေးဗူးများ အသင့်ထားရှိမှု ရှိ/မရှိအား ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် လိုအပ်လာပါက စနစ်တကျသုံးစွဲရန်မှာကြားခဲ့ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်ပြီးငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြီမ်းသတ်နည်း သရုပ်ပြပွဲကို‌ဆောင်ရွက်ရာ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင်က မီးသတ်ဆေးဗူးအသုံးပြုကို ရှင်းလင်းပြသပြီး လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)