ညောင်တုန်း မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ် ၃၀ ရက်နေ့နံနက်ပိုင်းက အမှတ်(၉၀၅)စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းသူက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ရည်ရွယ်ချက်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းဆိုင်ရာ အသိပညာပေးအကြောင်းအရာများနှင့် မီးသတ်ဆေးဘူး သုံးစွဲနည်းများကို ရှင်းလင်းပြောကြား၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အရာရှိ/ အရာခံစစ်သည်များ၊ ရဲမေများနှင့်အတူ မီးသတ်ဆေးဘူး အသုံးပြုခြင်း၊ မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)