တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးသင့်ပြည်သူအား ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်

တောင်တွင်းကြီး မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ကျွဲကန်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ မီးဘေးသင့်ပြည်သူ ​​ဒေါ်နီနီ၏ နေအိမ်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်း ၁၈ မျိုးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ပြုလုပ်ခဲ့သည်။

ထိုသို့ ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများ၊ ကျွဲကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘိုဝင်းတို့မှ မီးလောင်မှုဖြစ်ပွားခဲ့သည့် ကျွဲကန်ကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျွေးရွာမှ မီးဘေးသင့်အိမ်​ထောင်စုအား  အလှူငွေ (၁၀၅၀၀၀-/) ကျပ်၊ ထောက်ပံ့ပစ္စည်း (၁၈)မျိုးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)