ချောင်းဆုံ မတ် ၃၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေကို ယနေ့ မွန်းတည့် ၁၂ နာရီက ချောင်းဆုံအနောက်ရပ်ကွက် မင်းကျောင်းသာသနာ့ဗိမာန်၌ ဆက်လက်ကျင်းပသည်။
အဆိုပါစာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ပထမကြီးတန်း (၂၄) ပါး၊ ပထမလတ်တန်း (၃၃) ပါး ၊ ပထမငယ်တန်း (၆၅) ပါး၊ အခြေပြုမူလတန်းသံဃာ (၁၁၂) ပါး၊ စုစုပေါင်းသံဃာတော်နှင့် သီလရှင် (၂၃၄) ပါးတို့က မတ်လ (၂၉) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး စာဖြေသံဃာတော်များနှင့် သာသနာနွယ်ဝင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများအပါအဝင် လိုအပ်သည်များကိုကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုကျော် (ချောင်းဆုံ)