ငပုတော မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဆုဈာန်စက်သုံးဆီအရောင်းဆိုင်ရာ စက်သုံးဆီပြတ်လတ်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ အတွင်းရေးမှူးရဲမှူး ခင်မောင်စိုးနှင့်အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နီလာဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေး၊ ဆီပြတ်လတ်မှု မဖြစ်ပေါ်စေရေး၊ စက်သုံးဆီဝယ်ယူရာတွင် ယာဉ်လိုင်စင်၊ ဝှီးတက်(သို့) အုံနာဘုတ်ပြသ၍ စစ်ဆေးရောင်းချသွားရန်နှင့် စက်သုံးဆီအရောင်းဆိုင်အား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)