ကြို့ပင်ကောက် မတ် ၂၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး (MHPSS) မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်ခြင်းကို အ.ထ.က (ပန်းတင်) ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်သည်။
အခြေခံပညာဦးစီးဌာနနှင့် UNICEF Myanmar တို့ ပူးပေါင်းဆောင်ရွက်သော အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး (MHPSS) သင်တန်းသည် ကျောင်းသား၊ ကျောင်းသူများသည် စိတ်ကျန်းမာရေးနှင့် စိတ်လူမှုကျန်းမာပျော်ရွှင်မှု တိုးတက်ကောင်းမွန်ပြီး ကျောင်းနေမြဲ၍ သင်ယူတတ်မြောက်မှု တိုးတက်ပေါက်မြောက်စေရန် လုံခြုံစိတ်ချရသောသင်ယူမှု ပတ်ဝန်းကျင်၌ စွမ်းအားပြည့်ဖွံ့ဖြိုးရန် စိတ်တည်ငြိမ်မှုကို မြှင့်တင်စေရန် တစ်ဦးချင်းအနေဖြင့်သာမက အများနှင့်စုပေါင်း၍ ထိရောက်အောင် စွမ်းဆောင်နိုင်သည်ဟူသော
စိတ်ကို ဖြစ်ပေါ်စေရန်မြှင့်တင်ခြင်း၊ လူမှုရေးအရ ချိတ်ဆက်နေမှုကိုမြှင့်တင်ခြင်း၊ မျှော်လင့်ချက်ကို မြှင့်တင်ခြင်းဟူသော ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်က ပြောသည်။
သင်တန်းကို နည်းပြ ဆရာကြီး၊ ဆရာမကြီး (၁၅) ဦးက အခြေခံပညာကျောင်းများ၊ ဘ/က ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ တစ်ကျောင်းလျှင် ဆရာ ဆရာမ တစ်ဦးနှုန်းဖြင့် စုစုပေါင်း (၁၇၆) ဦးအား ဆင့်ပွားသင်ကြားပေးသွားမည်ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ (၃) ရက်ကြာ နံနက် ၉ နာရီချိန်မှ ညနေ ၅ နာရီချိန်ထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)