ငပုတော မတ် ၂၄
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူအပ်သော ဒီရေတိုက်ဖောင်တော်ဦးစေတီတော်နှင့် ရွှေဘုံသာစေတီတော် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အထွဋ်ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အဆင့်ဆင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အဆင့်ဆင့်တို့အား ပင့်ဆောင်ပူဇော်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြသည်။
ထို့နောက်စေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်မြတ်နှင့် ရတနာစိန်ဖူးတော်မြတ်တို့ကို ပင့်ဆောင်တင်လှူပူဇော်အခမ်းအနားအား ဆက်လက်ကျင်းပရာ ရတနာသုံးပါး ဂုဏ်တော်ပွား၍ မင်္ဂလာအချိန်ကို စောင့်ဆိုင်းကာ မင်္ဂလာအချိန်ရောက်ရှိသည့်အခါတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များက “ဇယန္တော ဗောဓိယာမူလေ” အစချီသော နှစ်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍မင်္ဂလာရထားပျံဖြင့် ငှက်မြတ်နားတော်မြတ်နှင့် ရတနာစိန်ဖူးတော်မြတ်တို့ကို ပင့်ဆောင်တင်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားမှူးဦးဆောင်၍ ပရိတ်သတ်အားလုံးတို့က “ဇိတံမေ အောင်ပြီ အောင်ပြီ အောင်ပြီ” ဟု သုံးကြိမ် ရွတ်ဆိုကြွေးကြော်ကာ ငှက်မြတ်နားတော်အတွင်း ပန်းလည်တိုင်၌ သာသနာ့အောင်လံတော် လွှင့်တင်ပူဇော်ခဲ့ပြီး ရတနာ ရွှေမိုး ငွေမိုး ရွာသွန်းခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)