သဲကုန်းမြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

သဲကုန်း မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) မှ ကြီးမှူး၍ မြို့နယ်အဆင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက် (၁) ၊ အောင်ဆန်းစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ကော်မတီဝင်များ၊ ကြက်ခြေနီအသင်းသား/ အသင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်လွင်နှင့် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) ဥက္ကဋ္ဌ ဦးတင်ဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းထိုက်နှင့် မြို့နယ်ကြက်ခြေနီအသင်း (ခွဲ) မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်ကျော်က စေတနာရှင်ဝန်ထမ်းများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန် သတိပြုလိုက်နာရမည့်အချက်များ၊ မိမိတို့ကြက်ခြေနီအသင်းသားများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စည်းမျဥ်း / စည်းကမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)