ပခုက္ကူ မတ် ၂၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိ ဗိမာန်(နှစ်ထပ်စာဖြေဆောင်)၌ ဖြေဆိုကြသည်။
အဆိုပါစာမေးပွဲတွင် (ပခုက္ကူစာဖြေဌာန)မှ ဖြေဆိုမည့်စာရင်းရှိ ရဟန်း၊သာမဏေ၊သီလရှင် ၇၁ပါးရှိပြီး မတ်လ ၂၃ရက် (ပထမနေ့)တွင် ကျမ်းရင်း- ပါရာဇီကကဏ္ဍပါဠိကထာ(၁) ကျင်းပရာ ကြွရောက်ဖြေဆိုသူရှိကြောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းဘာသာရပ်များကို မတ်လ၂၃ရက်မှ ၂၈ရက်အထိလည်းကောင်း၊ မြန်မာဂုဏ်ထူးကို မတ်လ ၂၉ရက်တွင်လည်းကောင်း၊ ပါဠိဂုဏ်ထူးကို မတ်လ ၃၀ရက်မှ ၃၁ရက်အထိလည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲများကို မတ်လ ၂၉ရက်မှ ဧပြီလ ၄ရက်အထိ လည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)