တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ထန်းတပင်(ရန်ကုန်) မတ် ၂၂

သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့်ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို မတ်လ (၂၁) ရက်နေ့က ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အမှတ် (၆) စစ်မြေပြင်ဆေးတပ်ရင်းနယ်လှည့်ဆေးကုသရေးအဖွဲ့မှ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ကျောင်းကုန်းကျေးရွာ၊ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း အခြေပြု၍ ကွင်းဆင်းကုသဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင်လည်း
နယ်လှည့်ဆေးကုသရေးအဖွဲ့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင် (၁၁) ပါး၊ ကျေးရွာနေပြည်သူ (၁၄၃) ဦးတို့အား ခွဲစိပ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားရောဂါ၊ ကလေးကျန်းမာရေးနှင့်ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါနှင့်ပတ်သက်သည့်လိုအပ်သည့် ဆေးဝါးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါနယ်လှည့်ဆေးကုသရာနေရာသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)