နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၈) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် မတ်

တက္ကသိုလ်၊ ကောလိပ်ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၈) သင်တန်းဆင်းပွဲ အခမ်းအနားကို မတ် ၂၀ နံနက် နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား၊ စီမံဌာနများမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးစိုးတင့်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် တက္ကသိုလ်၊ ကောလိပ်များရှိ သင်ကြားရေး ဆရာ၊ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်း ပိုမိုကောင်းမွန်မှန်ကန်လာစေရန်၊ အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းတဲ့ ဗဟုသုတများ ရရှိစေရန်၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်တဲ့ ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရန်၊ ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုရရှိစေပြီး နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိရမည့် ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ ပညာတတ်များဖြင့် သာယာဝပြောတဲ့ အနာဂတ်ကို တည်ဆောက်နိုင်ရေးအတွက် ပညာရေးကဏ္ဍကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ အနာဂတ် နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့် လူငယ်များအား ပညာပြည့်ဝ နှလုံးလှသော လူတော် လူကောင်းများဖြစ်လာစေရေး ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြရန်လိုကြောင်း၊ တက္ကသိုလ်တွေရဲ့ပညာရေး မူဝါဒမှာ သုတေသနအခြေပြုတက္ကသိုလ်များ ဖြစ်လာစေရေးကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊  “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)တို့ကို လိုက်နာကာ ဝန်ထမ်းကောင်း များဖြစ်အောင် ပြုမူကျင့်ကြံနေထိုင်ကြပါလို့  တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုများချီးမြှင့်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ခဲ့သည်။

တက္ကသိုလ်ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂၈)သို့ သင်တန်းသား (၄၂)ဦး၊ သင်တန်းသူ (၃၁၂)ဦး၊ စုစုပေါင်း (၃၅၄)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၈--၂၀၂၆ ရက်နေ့မှ ၂၀-၃-၂၀၂၆ ရက်နေ့ထိ ရက်သတ္တ(၅)ပတ်ကြာ ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်သည် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ‌(အောက်မြန်မာပြည်)ရှိ ကေတုမတီခန်းမ၌ ကျင်းပပြုလုပ်သော အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၈)၏ အဖွဲ့လိုက်စာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး စာတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ စာတမ်းဖတ်ပွဲအပြီးတွင် အဆင့်မြင့်အရာထမ်း သင်တန်း အမှတ်စဉ်(၂၈)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အတူတကွ စားရိပ်သာတွင် နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သတင်းရသည်။

အောင်မြင့် (ပြန်/ဆက်)