KBZ Community 10 Mile Run 2026 အပြေးပြိုင်ပွဲ အပြေးသမားသုံးထောင်ကျော်ပါဝင်ဆင်နွှဲ

ရန်ကုန် မတ် ၂

RUN derful  Myanmar အပြေးအားကစားအဖွဲ့နှင့် မြန်မာနိုင်ငံပြေးခုန်ပစ်အားကစားသမားဟောင်းများ လူမှုရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် KBZ Community 10-mile Run 2026 ပြိုင်ပွဲကို ယမန်နေ့နံနက် (၄) နာရီက ရန်ကုန်မြို့၊ သဃ်န်းကျွန်းမြို့နယ်၊ ဝေယဇန္တာလမ်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ယင်းပြိုင်ပွဲများကို နံနက် ၄ နာရီခွဲတွင် အမျိုးသား၊ အမျိုးသမီး ၁၀ မိုင်အပြေးပြိုင်ပွဲကိုလည်းကောင်း၊ နံနက် ၄ နာရီ ၄၅ မိနစ်တွင် အမျိုးသား၊ အမျိုးသမီး ၅ မိုင် အပြေးပြိုင်ပွဲကိုလည်းးကောင်း၊ နံနက် ၅ နာရီတွင် အမျိုးသား၊ အမျိုးသမီး ၃ မိုင် အပျော်တမ်းပြိုင်ပွဲများကိုလည်းကောင်း အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှေ့မှစတင်၍ တာလွှတ်ပေးရာ အပြေးသမားများက ဝေဇယန္တာလမ်း၊၊ သံသုမာလမ်းဂန္ဓမာလမ်း ရတနာလမ်းမှ သတ်မှတ်လမ်းကြောင်းအတိုင်း အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သို့ ပြန်လည်ပန်းဝင်ကြသည်။

ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ အမျိုးသား၊ အမျိုးသမီး ၁၀ မိုင် အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယရရှိသူများအား ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ စတုတ္ထမှဒသမအထိ ပန်းဝင်သူများကိုလည်းကောင်း၊ ၁၁ မှ ၁၅ အထိ ပန်းဝင်သူများကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ၅ မိုင် အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယရရှိသူများအား ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ စတုတ္ထမှ ဒသမအထိပန်းဝင်သူများကို ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ ၁၁ မှ ၁၅ အထိ ပန်းဝင်သူများအား ဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ၃ မိုင် အပျော်တမ်းပြိုင်ပွဲတွင် ပထမမှပဥ္စမအထိ ပန်းဝင်သူများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်​ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)