တွံတေးမြို့နယ်၌ ၂၀၂၆ ခုနှစ် နွေရာသီ အားကစားသင်တန်းများ ဆက်လက်သင်ကြားလျက်ရှိနေ

တွံတေး မတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီကာလ ကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကို တွံတေးမြို့မ ဘောလုံးကွင်းနှင် (ခ)အဆင့် အားကစားရုံတို့တွင် သက်ဆိုင်ရာ အားကစားရုံများ၌ နေ့စဉ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်ပေးလျက်ရှိသည့် နွေရာသီ အားကစားသင်တန်းများတွင် ဘောလုံး၊ ကြက်တောင်Fitness Dance၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်တို့ ဖွင့်လှစ်ကာ သက်ဆိုင်ရာ အားကစားနည်းအလိုက် ကျွမ်းကျင်နည်းပြဆရာများက တာဝန်ယူထားသည့် ဘောလုံးအားကစားနည်းတွင် ဦးသုတဇော်၊ ဦးထွန်းထွန်းဦးတို့က  နံနက် ၇ နာရီမှ ၉ နာရီအထိ မြို့မဘောလုံးကွင်းတွင်လည်းကောင်း၊ Fitness Dance ကို နည်းပြဆရာမ  ဒေါ်သဲစိမ့်၊ ဒေါ်ခင်သန္တာတို့က နံနက် ၇ နာရီမှ ၉ နာရီအထိ (ခ)အဆင့်  အားကစားရုံတွင် လည်းကောင်း၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ်ကို နည်းပြ ဦးကျော်လွင်မင်းက ညနေ ၃ နာရီမှ ၅ နာရီအထိ (ခ) အဆင့် အားကစားရုံတွင်လည်းကောင်း၊ အေရိုးဗစ်သင်တန်းကို နည်းပြဆရာမ ဒေါ်သဲစိမ့်နှင့် ဒေါ်ခင်သန္တာတို့က အ.ထ.က(၁) တွံတေးယုဇနခန်းမတွင်လည်းကောင်း မတ်လ (၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဘောလုံး (၅၀) ဦး၊ ကြက်တောင် (၃၀)၊ စားပွဲတင်တင်းနစ် (၁၅) ဦး၊ Fitness Dance (၂၀) ဦး၊ အေရိုးဗစ် (၂၀) ဦး သင်တန်းသား စုစုပေါင်း (၁၃၅) ဦး နေ့စဥ်တက်ရောက်သင်ကြားနေကြောင်း သိရသည်။

မျိုးလှိုင်