ပင်းတယ မတ် ၂၂
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေအုပ်စုမြင်းမူး (Smart village) ကျေးရွာတွင် ရေရရှိရေးလုပ်ငန်းနှင့် သီရိရတနာဘက်စုံသုံးခန်းမ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန်ခွဲမှု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြင်းမူး (Smart village) ကျေးရွာရေရရှိရေး လုပ်ငန်းဆိုင်းဘုတ်အား မြင်းမူးကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဝါယမိန္ဒ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ ရေစက်ခလုပ်ကို ဖွင့် လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးပြီး ရေဘားအား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြင်းမူး (Smart village)ကျေးရွာ" သီရိရတနာ"ဘက်စုံသုံးခန်းမတွင် ဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ရာ မြင်းမူးကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော် ဦးဝါယမိန္ဒ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ဘက်စုံသုံးခန်းမတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားပေးပြီး၊ ဒေသကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဒေသဦးစီးမှူးက Smart village စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပေးကာ ကျေးရွာသူ၊ကျေးရွာသားများ၏ ကိုယ်စားတာဝန်ရှိသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ ကျင်းပပြုလုပ်သည့် မြင်းမူးကျေးရွာအုပ်စု မြင်းမူးကျေးရွာရေ ရရှိစေရေးအတွက် မြင်းမူးကျေးရွာ အနောက်တောင်ဘက် (၁/၀) မိုင်ခန့်အကွာ ရေစက်ရုံမှ မြင်းမူးကျေးရွာအတွင်းရှိ ဂါလံ (၁၀၀၀၀) ဆံ့ ရေစုကန်သို့ ရေပိုက်သွယ်တန်းခြင်းနှင့် လျှပ်စစ်မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းအား အမျိုးသားသဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေ ကျပ် (၄၀၂ ဒသမ ၀၀) သန်းဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် သီရိရတနာခန်းမကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု (Smart village) ပြည်သူထည့်ဝင်ငွေ ကျပ် (၁၅၅ ဒသမ ၅၀) သန်း၊ စုစုပေါင်း ငွေကျပ် (၁၈၅ ဒသမ ၀၀) သန်းဖြင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)