ရွှေပြည်သာ မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန်စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာနာယကအဖွဲ့ဝင် ဆရာတော်လှိုင်ရ တနာပရိယတ္တိဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက ၂၀၂၆ ခုနှစ် စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်း၊ အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့်ပတ်သက်၍ သာသနာ့ရေးဆိုင်ရာများ လျှောက်ထားပြီး ရွှေပြည်သာပရိယတ္တိ ကျောင်းဆရာတော်ထံမှ စူဠဘွဲ့နှင်းသဘင်ချီးမြှင့်ခြင်း ရေစက်ချအနုမောတနာတရားနာယူကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်တော်မူလာကြကုန်သော် ဆရာတော်ကြီး (၃၃) ပါး၊ စာအောင်သံဃာတော်များ၊ သီလရှင်ဆရာလေးများ (၁၀၉) ပါး စုစုပေါင်း (၁၄၂) ပါတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)